ကယားပြည်နယ်နေ့မှာ မျိုးနွယ်စု စုံစုံလင်လင်နဲ့ လာရောက်တွေ့ဆုံရင်းနှီးရင်း မျိုးနွယ်စုတွေရဲ့ လှပတဲ့ ၀တ်စားဆင်ယင်ပုံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။အဲဒါတွေကတော့.........
ခေတ်သစ်ကယန်းလထ (ဇယိမ်း)၀တ်စားဆင်ယင်ထုံးဖွဲ့ မှု
အမျိုးသမီးတွေက အဖြူနဲ့အနီနဲ့ကန့်လန့်စင်းလုံချည်နဲ့ အင်္ကျီအဖြူလက်ရှည်အပေါ်မှ အဖြူရောင်သင်တိုင်း
ဝတ်ဆင်ထားပါတယ်။ငွေဆွဲ ပြား၊ငွေလက်ကောက်နဲ့
ခါးပတ်ပတီးဝတ်ဆင်လေ့ရှိပါတယ်။
အမျိုးသားတွေကတော့ အဖြူရောင်ရှပ်အင်္ကျီပေါ်မှာ
ဒေါင်လိုက်စင်း အကျီလက်ပြတ်နဲ့ ဘောင်းဘီတိုအဖြူရောင်
ကို ၀တ်ဆင်ထားကြပါတယ်။ သူတို့ရဲ့ ခေါင်းမှာသိုးမွေးအလုံး
နဲ့အလှဆင်ထားတဲ့ ဦးထုပ်ရှည်ကို ဆောင်းထားကြပါတယ်။
ခေတ်သစ်ကယောတို့ရဲ့ ၀တ်ဆားဆင်ယင်ထုံးဖွဲ့မှူ
အမျိုးသားများဟာ ခေါင်းပေါင်းအနီရောင်(သို့) ပန်းရောင်ပေါင်းပြီး ဒေါင်လိုက်စင်းအဆင် ရက်လုပ်ထားတဲ့ ချည်ထည်ဘောင်းဘီတိုနဲ့ အကျီင်္သင်တိုင်းတွေကို အရောင်အမျိုးမျိုး ချူပ်ပြီးဝတ်ဆင်ကြတယ်။ အမျိုးသမီးတွေကလည်း ဒေါင်လိုက်စင်းအဆင် ရက်လုပ်ထားတဲ့ ချည်ထည်အကျီင်္သင်တိုင်း အနီရောင်ကို အနက်နဲ့ နီညိုကန့်လန့်စင်း လုံချည်ကို ၀တ်ဆင်ကြပြီး ခေါင်းစည်းပန်းရောင်ကို အနားနဲ့နှစ်ဖက် ရှေ့ချပြီး ၀တ်ဆင်လေ့ရှိပါတယ်။
အမျိုးသမီးတွေက အတွင်းမှ အဖြူရောင်အင်္ကျီလက်ရှည်ကို ခံပြီး အပေါ်ကနေအဖြူရောင်သင်တိုင်းကို ထပ်ပြီးဝတ်ဆင်ထားပါတယ်။ အနက်နဲ့ နီညိုကန့်လန့်စင်း လုံချည်ကို ၀တ်ဆင်ပြီးတော့ ခေါင်းစည်းအဖြူရောင်ကို အနားနှစ်ဖက်ရှေ့ချဝတ်ဆင်လေ့ရှိပါတယ်။ အမျိုးသားတွေက အနက်ရောင်ဘောင်းဘီ ရှည်အပွနဲ့ အဖြူရောင်ရှပ်အကျီင်္လက်ရှည်အပေါ်မှာ အဖြူရောင်သင်တိုင်းကို ထပ်ပြီးဝတ်ဆင်ထားပါတယ်။ ခေါင်းပေါင်းအပန်းရောင်ဒါမှမဟုတ်ရင် အ၀ါရောင်ကိုပေါင်းထားပါတယ်။
ခေတ်သစ်ကယားတို့ရဲ့ဆင်ယင်ထုံးဖွဲ့မှု
အမျိုးသမီးတွေက ကန့်လန့်စင်းအဆင်လုံချည်ကို အရောင်အမျိုးမျိုး ရက်လုပ်ဝတ်ဆင်ကြပြီး လုံချည်အေ၇ာင် နဲ့လိုက်ဖက်တဲ့ အင်္ကျီခါးစည်းနဲ့ ခြုံထည်တွေကို ဘော်ကြယ်များနဲ့ အလှဆင်တီထွင်ချူပ်လုပ်ဝတ်ဆင်ကြပါ တယ်။အမျိုးသားတွေမှာ အနီရောင်(သို့) ပန်းရောင် ခေါင်းပေါင်းတွေ ပေါင်းပြီး ခါးမှာအနီရောင်(သို့)အပန်းရောင်ခါးစည်းကို စည်းထားပါတယ်။ အနက်ရောင် ဘောင်းဘီရှည်အပွနဲ့ အဖြူရောင်ရှပ်အင်္ကျီလက်ရှည်အပေါ်မှာတော့ တိုက်ပုံ အင်္ကျီကိုထပ်ပြီး ၀တ်ဆင်ကြပါတယ်။
ခေတ်သစ်ယင်းဘော်(ကယန်းကငန်)တို့ရဲ့ဆင်ယင်ထုံးဖွဲ့မှု
အမျိုးသားတွေကသိုးမွေးလုံးများအလှဆင်ထားတဲ့ အနက်ရောင်ဘောင်း ဘီတိုနဲ့ အဖြူရောင်ရှပ်အကျီင်္အပေါ် ကနေသင်တိုင်းအနက်ရောက်ကိုတွဲ ဖက်ဝတ်ဆင်ထားပါတယ်။ ခေါင်းပေါင်းအဖြူရောင် အနားနှစ်ဖက်ချ ပေါင်းပြီးသိုးမွေးလုံးခေါင်းစည်းကြိုးနဲ့ပတ်ပြီး ၀တ်ဆင်ထားပါတယ်။ အမျိုးသမီးတွေက အကျီင်္အနက်ရောင်ပေါ်မှာ ခြုံထည်အနက်ရောင် လွှမ်းခြုံထားပါတယ်။ အနက်ရောင်ကန့်လန့်စင်းလုံချည်ပေါ်မှာ (၅)ပေ ခန့်ရှည်တဲ့ ခါးစည်းအဖြူရောင်ကို အနားနှစ်ဖက်ရှေ့ချစည်း ထားပါတယ်။ ခေါင်းပေါင်းအနက်ရောင်ပေါင်းပြီး သိုးမွေးလုံးခေါင်းစည်းကြိုးနဲ့ပတ်ပြီး ၀တ်ဆင်ပါတယ်။
ခေတ်သစ်ဂေဘားတို့ရဲ့ဆင်ယင်ထုံးဖွဲ့မှု
အမျိုးသမီးတွေက နီညိုရောင်ကန့်လန့်စင်းလုံချည်နဲ့ အဖြူရောင်အကျီင်္ လက်ရှည်ပေါ်မှာ အဖြူရောင်နဲ့ ပန်းရောင်စပ်ချူပ်ထားတဲ့ သင်တိုင်းကိုထပ်ဝတ် ဆင်ထားပါတယ်။ ခေါင်းပေါင်းပန်းရောင်ကို အနားနှစ်ဖက်ရှေ့ချစည်းလေ့ရှိပါ တယ်။ အမျိုးသားတွေကခေါင်းပေါင်းပန်းရောင်ကိုအနားနှစ်ဖက် ဘေးချပြီး စည်းလေ့ရှိတယ်။အနက်ရောင်ဘောင်းဘီရှည်အပွနဲ့အဖြူရောင်ရှပ် အင်္ကျီလက်ရှည်ပေါ်မှာ အဖြူနဲ့ ပန်းရောင် စပ်ချူပ်ထားတဲ့သင်တိုင်းကို ထပ်ဝတ်ဆင်ထားပါတယ်။
ခေတ်သစ်ကယန်း(ပဒေါင်)တို့ရဲ့ဆင်ယင်ထုံးဖွဲ့မှု
အမျိုးသားတွေက အနက်ရောင်ဘောင်းဘီရှည်ပွနဲ့အဖြူရောင်ရှပ်အကျီင်္ လက်ရှည်အပေါ်မှာ အဖြူရောင်သင် တိုင်းကိုထပ်ပြီး ၀တ်ဆင်ထားပါတယ်။ ခေါင်းပေါင်းပန်းရောင်(သို့) အ၀ါရောင်ပေါင်းထားပါတယ်။ အမျိုးသမီးတွေက အင်္ကျီမှာ ခေါင်းစွပ်၊ ဂျပ်ခုတ်ထည်တွေသာဖြစ်ပြီး ဒူးထိသာဝတ်ဆင် ထားပါတယ်။ ထမီကတော့ ကိုယ်တိုင်ရက်လုပ်တဲ့ ဂျပ်ခုတ်ထည်အနီနဲ့ အနက်ကန့်လန့်စင်းတွေဖြစ်ကြတယ်။
ခေတ်သစ်ယင်းတလဲတို့ရဲ့ဆင်ယင်ထုံးဖွဲ့မှု
အမျိုးသမီးတွေက ခေါင်းပေါင်းပန်းရောင်ကို အနားနှစ်ဖက်ထောင်ပြီး ပေါင်းထား ပါတယ်။ နီညိုရောင်ကန့်လန့််စင်းလုံးချည်နဲ့ ပန်းရောင်အစဖြင့် အနားကွပ်ထားတဲ့ အဖြူရောင်အကျီင်္ကို အိတ်ကပ်နှစ်ဖက်တပ်ပြီး ၀တ်ဆင်ထားပါတယ်။ အမျိုးသား တွေက အနီရောင်(သို့)ပန်းရောင်ခေါင်းပေါင်းတွေ ပေါင်းပြီးခါးမှာ အနီရောင်(သို့) ပန်းရောင်ခါးစည်းကိုစည်းထားပါတယ်။ အနက်ရောင်ဘောင်းဘီးရှည်အပွနဲ့ အဖြူ ရောင်ရှပ်အင်္ကျီလက်ရှည် အပေါ်မှာ တိုက်ပုံအင်္ကျီကိုထပ်ပြီးဝတ်ဆင်ထားပါတယ်။
ခေတ်သစ်မနုမနောတို့ရဲ့ဆင်ယင်ထုံးဖွဲ့မှု

No comments:
Post a Comment